မိုင်းဖြတ်   နိုဝင်ဘာ   ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်ဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲကို နိုဝင်ဘာ ၁၉ ရက်က ဆိုက်ခေါင်ကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ် ၁၃၂ ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ၁၃ စုတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင် ဦးစီးမှူး ဦးဦးသွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ပန်းခင်းစီမံချက်လုပ်ငန်းအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး