မိုင်းဖြတ်  ၂၇   နိုဝင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်နှင့် ပြည်သူများ အမှန်တကယ် လိုအပ်သည့် လုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် နိုဝင်ဘာ ၂၇ရက် နံနက် ၉နာရီက ဝမ်ပုံကျေရွာရှိ ဘုန်းကြီးကျောင်း၌ ကွင်းဆင်း ဆောင်ရွက် ပြုလုပ် ပေးခဲ့သည်။

 

ထိုသို့ ဝန်ဆောင်မှုလုပ်များကို ဆောင်ရွက်ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများ (အခမဲ့) ဆောင်ရွက်ပေးနေမှုနှင့် ကျေးရွာနေ ပြည်သူများအား လာရောက်ကွင်းဆင်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် (OSS)ရုံးပူးပေါင်းအဖွဲ့(၉)ဖွဲ့က မိမိတို့ဌာနအလိုက် ဆောင်ရွက် ပေးနေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ (OSS)ရုံးပူးပေါင်းအဖွဲ့(၉)ဖွဲ့က ဝမ်ပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာနေ ပြည်သူများအား အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)