မိုင်းဖြတ်၊ ၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြတိုက်ငယ် (Mini Museum) အတွက် တိုင်းရင်းသားရိုးရာဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပေးအပ်လှူဒါန်းခဲ့သည်။
အာခါအမျိုးသားဝတ် အင်္ကျီ ၁ ထည်၊ လားဟူအမျိုးသားဝတ် အင်္ကျီ ၂ ထည်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ခံရယူခဲ့သည်။ မိုင်းဖြတ်မြို့နယ်တွင် ပြတိုက်ငယ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိပြီး တိုင်းရင်းသားရိုးရာ အသုံးအဆောင်များ၊ ရိုးရာဝတ်စုံများ၊ တိုင်းရင်းသားစာပေများကို မှတ်တမ်းပြုစုထားရှိ၍ မိဘပြည်သူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


