မိုင်းဖြတ် ၂ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် မီးဘေးလုံခြုံမှုရှိစေရေးအတွက် နိုင်ဝင်ဘာ ၂ ရက် နံနက် ၇ နာရီအချိန်ခန့်က မြို့နယ်အတွင်းရောင်းချလျက်ရှိသော စက်သုံးစီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြတ်စိုး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦမျိုးဝင်းနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စစ်သုံးဆီအရောင်းဆိုင်များဖြစ်သည့် တစ်(ပ်)မိသားစု၊ တော်ဝင်ခမ်း၊ ရွှေလဝင်းစက်သုံးဆီ အရောင်းဆိုင်များတွင် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိ၊ သက်တမ်းကုန်လွန်သည့် မီးသတ်ဆေးဘူးများ အသုံးမပြုရေး၊ မီးသတ်ရေ ကန်များ၌ ရေဖြည့်တင်းထားနိုင်ရေး၊ အထူးသဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် လိုက်နာရမည့် အချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည့် မြို့မစျေးအတွင်းရှိ မီးသုံးစွဲသည့်စျေးဆိုင်များတွင် စစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သန်းထွန်းအေး(ပြန်/ဆက်)


