မိုင်းဖြတ်   ၁၂   မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၀ ခုနှစ် မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် အရိပ်ရအလှသစ်ပင်နှင့် နှစ်ရှည်သီးနှံပျိုးပင်ပေါင်း ၇၄၂၀၀ကို ပျိုးထောင် ထားရှိကြောင်း မေလ ၁၂ ရက်နေ့က မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဖြန့်ဝေပေးပြီး မိုးရာသီ သစ်ပင်စိုက်ဖို့အတွက် မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာရှိ ပျိုးဥယျာဉ်တွင်   ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် သစ်တောသစ်ပင်အတွက် မယ်ဇလီ ၇၇၀၀ ပင်၊  နှစ်ရှည်သီးနှံ ပျိုးပင်များဖြစ်တဲ့ တညင်း၊ ပိန္နဲ၊ ထောပတ် ၁၆၅၀၀ပင်နှင့် လူထုဖြန့်အနေဖြင့် ကျွန်း ၈၅၀၀ပင်၊ အခြားပျိုးပင်များဖြစ်သည့် မယ်ဇလီ၊ မန်ဂျန်ရှား၊ ခရေ၊ စိန်ပန်းနီ၊ ငုစပ် ပျိုးပင် ၄၁၅၀၀ ပင်  စုစုပေါင်း ပျိုးပင်ပေါင်း ၇၄၂၀၀ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် လူထုပါဝင်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်နှင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုပျိုးထောင်ထားရှိသည့် ပျိုးပင်များကို ဇွန်လ ပထမပတ်တွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)