မိုင်းဖြတ်  ၁၉ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ မတ် ၁၉ ရက် နံနက် ၉ နာရီက သောက်သုံးရေအခက်အခဲဖြစ်သည့် ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာနှင့် ညနေ ၅ နာရီက နမ့်လန်းကျေးရွာအုပ်စု ပါပူးကျေးရွာများသို့ သောက်သုံးရေးများကို သွားရောက်လှူဒါန်းပေးခဲ့သည်။

 

မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝမ်ဟွေရပ်ကွက်၊ နားမွန်း၊ ပါပူးစတဲ့ ကျေးရွာများကို လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေအခက်အခဲဖြစ်တဲ့ ဟိုနား(လားဟူ)၊ ဟိုနား(အာခါ)၊ ဝမ်နောင်၊ ပါဆန်း၊ လကပ်၊ ဟာကြားဟုန်စတဲ့ ကျေးရွာများမှာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းထံမှသိရသည်။

 

သောက်သုံးရေများ သွားရောက်လှူဒါန်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာများက နားမွန်းကျေးရွာတွင် ရေဂါလန် ၁၂၀၀ နှင့် ပါပူးကျေးရွာတွင် ရေဂါလန် ၁၂၀၀ စုစုပေါင်း ရေဂါလန် ၂၄၀၀ တို့ကို သွားရောက်လှူဒါန်းပေးခဲ့သည်။

 

သန်းထွန်းအေး(ပြန်/ဆက်)