မိုင်းဖြတ်  ၈  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မိုင်းဖြတ်တပ်နယ်မှ  ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုဝင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ လာရောက်အပ်နှံခဲ့ရာ စနစ်တကျ စိစစ်လက်ခံခဲ့ကြောင်းသိရသည်။

 

ထိုသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များလက်ခံရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ရှေ့မှောက်တွင်  ပွင့်လင်းမြင်သာစွာဖြင့် စိစစ်လက်ခံရယူခဲ့ရာ ပုံစံ(၁-၁) ဖြင့် ပြည်တွင်းရှိသက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉ ဦး၊ ပုံစံ(၁-၂)ဖြင့် ပြည်တွင်းရှိ သက်ဆိုင် ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တပ်မတော်သားများနှင့် အတူအိမ်ထောင်စု ဝင် ၃၅၆ ဦး၊ ပုံစံ(၁-၃)ဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံပြင်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉ ဦး စုစုပေါင်း ၃၇၄ ဦးတို့မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ လာရောက်လျှောက်ထားသည့် ဆန္ဒမဲ လက်မှတ်များကို စိစစ်လက်ခံရယူခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များက  နိုင်ငံရေးပါတီကိုယ်စားလှယ်များ၏ရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် စိစစ်ရယူခဲ့ပြီး  ကိုယ်စားလှယ်များ၏ရှေ့တွင် ဆန္ဒမဲလက်မှတ်များကို မဲပုံးထဲထည့်ပြီး လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်၍ စနစ်တကျ ထိန်းသိမ်းထားရှိကြောင်းသိရသည်။

 

ရှောလမွန်(မိုင်းဖြတ်)