မိုင်းပန် ၈ အောက်တိုဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့ကျက်သရေဆောင် မဟာတေဇာဓိပတိ စေတီတော်မြတ်ကြီးတွင် အောက်တိုဘာ ၁၃ ရက် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ အခါသမယ၌ ဓမ္မစကြာ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၁၀ဝ၀ ထွန်းညှိပူဇော်လူဒါန်းခြင်းနှင့် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဓမ္မမိတ်ဆွေ သူတော်အပေါင်းတို့မှ ကုသိုလ်ပြု ပါဝင်ဆင်နွှဲ လှူဒါန်းနိုင်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


