မိုင်းပန် ၂၉     ဧပြီ                   

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက်(၆) နာရီခန့်က မြို့နယ် ပန်းခြံအတွင်းရှိ ယာယီ(ပျံကျ)ဈေးအတွင်းတွင် ဈေးရောင်းချနေသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးတစ်ခုအနေဖြင့် မိုင်းပန်မြို့နယ် စေတနာ့ ဝန်ထမ်း (Volunteer)များမှ ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသော Face Shield အခု (၅ဝ) အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

310

 

မိုင်းပန်မြို့နယ် စေတနာ့ဝန်ထမ်း(Volunteer)များသည် အဆိုပါယာယီ(ပျံကျ)ဈေးနေရာတွင် နေ့စဉ် နံနက်(၅) နာရီခွဲအချိန်မှ ဈေးပိတ်ချိန်အထိ ဈေးအဝင်ပေါက်တွင် တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ တစ်ရက်လျှင် (၂) ယောက်နှုန်း လာရောက်ကာ အပူချိန်တိုင်းတာ ပေးခြင်းများ၊ Mask နှင့် လက်အိတ်များ ဝတ်ဆင်၍ ဈေးအတွင်းသို့ ဝင်ရောက်ရန် ကူညီပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

ကိုဆန်း(မိုင်းပန်)

 

693