မိုင်းပန် ၃ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂ ကြိုတင်ကာကွယ်မှုအနေဖြင့် ပိုးလောက်လန်း မှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် လောက်လန်းသေဆေး (Abate) အဘိတ်ဆေး ခတ်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အသင်းဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ပေးခြင်းများနှင့် ခြင်ကျားပေါက်ပွားရာနေရာ မရှိစေရန် လိုအပ်သည့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဆန်း(မိုင်းပန်)


