မိုင်းပန် ၂၀  ဇွန် 


မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို (အထက်တန်းအဆင့်) 'တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ်ကင်းစင်ကျန်းမာမှ' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (အလယ်တန်းအဆင့်) 'ကျန်းမာပျော်ရွှင်နေနိုင်ဖို့ မူးယစ်ဆေးကိုရှောင်ကြစို့'ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှကျောင်းသား/သူပေါင်း ၃၀ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။


MDN