မိုင်းပန် ၅ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ ည ၇ နာရီက အလယ်ရပ်ကွက်ရှိ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ပြည်သူ့စကားဝိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာစိုင်းစောထူးအောင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှမ်းဘာသာစကားဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆန်း (မိုင်းပန်)


