မိုင်းပန်   ၃၀  ဒီဇင်ဘာ

မြေငှါးဂရန်အကြောင်းသိကောင်းစရာဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ မြေယာအရှုပ်အရှင်းများနှင့် အငြင်းပွားစရာ ကိစ္စရပ်များတွင် အထောက်အထား ခိုင်လုံစေရန်အတွက် မြေငှားဂရန်အား ပြုလုပ်ထားသင့်ကြောင်း၊ မြေငှားဂရန်ပြုလုပ်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းရမည့် ကုန်ကျစရိတ်များနှင့် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်သွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

၅+

အဆိုပါဟောပြောပွဲကို မိုင်းပန်မြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် မြေငှားဂရန်ပြုလုပ်ရာတွင် သိသင့်သိထိုက်သည့် အကြောင်းအရာများအား ရှင်းလင်းစွာ သိရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)