မိုင်းပန် ၅  မေ 

           

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယာယီ(ပျံကျ)ဈေး၊ မြို့မဈေး အတွင်းနှင့် မြို့မဈေးရှေ့တို့တွင် ဖြတ်သန်းသွားလာသူများ၊ ဈေးအတွင်းသို့ဝင်ရောက်သူများ အနေဖြင့် ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိမရှိကို မိုင်းပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းတွင် စစ်ဆေးအသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

514

 

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များသည် နံနက် (၆) နာရီခန့်မှစ၍ ယာယီ (ပျံကျ)ဈေးအတွင်း၊ မြို့မဈေးအတွင်းနှင့် မြို့မဈေးရှေ့တို့တွင် ဖြတ်သန်းသွားလာသည့် မြို့နေပြည်သူများ အနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းရှိမရှိကို စောင့်ကြည့်စစ်ဆေးပြီး တပ်ဆင်လာခြင်း မရှိသူများနှင့် စနစ်တကျတပ်ဆင်ခြင်း မရှိသူများအား အပြင်ထွက်ပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ကြပါရန် အသိပေးခဲ့ပြီး (Mask)များလည်း အခမဲ့ ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုဆန်း(မိုင်းပန်)