မိုင်းပျဉ်း မေ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်မြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ KG မှ Grade 11 အထိ အတန်းများ၏ ကျောင်းအပ်နှံခြင်းကို မေလ (၂၃) ရက်နေ့နံနက်ပိုင်းမှစ၍ လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ကျောင်းအပ်နှံခြင်းကို မိုင်းပျဉ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံနေပြီဖြစ်ရာ ကျောင်းနှံအပ်ရာ၌ အိမ်ထောင်စုဇယားမိတ္တူ ၊ မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ ၊ ကျောင်းသားမှတ်ပုံတင်မိတ္တူ ၊  KG ကလေးများကျောင်းအပ်လာပါက မွေးစာရင်းမိတ္တူပါယူဆောင်လာရန်၊ ကျောင်းအပ်လာသူများမှ ကျောင်းဝတ်စုံဝတ်စဉ်လာရန် ၊ ကျောင်းသားများ ဆံပင်တိုတိုညှပ်ရန် ၊ ကျောင်းသားမိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ထိုကဲ့သို့ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်ကျောင်းအပ်နှံခြင်းကို မိုင်းပျဉ်းမြို့နယ်မှ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများက အေးချမ်းစွာ သွားရောက်အပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများမှ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရန်နောင်ထွန်း(ပြန်/ဆက်)