မိုင်းပျဉ်း ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ ဝမ်မတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဒီဇင်ဘာ ၁၃ ရက်က ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကျင်းပရာတွင် KG ကလေးငယ်များနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများက မီတာ ၅၀ အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲနှင့် ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။          

 

အဆိုပါအားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များကို လွပ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်သန္တာအောင်(ပြန်/ဆက်)