မိုင်းပျဉ်း နိုဝင်ဘာ ၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်ပုံရိုက်ခနှင့် သွေးစစ်ခများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူး ဦးဝင်းဖေက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူ(၈၅၅)ဉီးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်ပုံရိုက်ခနှင့် သွေးစစ်ခ ထောက်ပံ့ငွေများကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ငွေများကို မိုင်းပျဉ်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သူ(၈၅၅)ဦးအား  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ကုန်ကျခဲ့သည့် တစ်ဦးလျှင် သွေးစစ်ခ(၁၅၀၀)ကျပ်နှင့် ဓာတ်ပုံရိုက်ခ(၁၅၀၀)ကျပ်၊ ပေါင်း(၃၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၅၆၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)