မိုင်းပျဉ်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် Steel Structure တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား ပေ ၆၀၊ အနံ ပေ ၃၀ ရှိ Steel Structure တစ်ထပ် အမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၄ ဒဿမ ၄၆ သန်းဖြင့် ဝမ်ပန်ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)