မိုင်းပျဉ်း   ၂၆ နိုဝင်ဘာ 

 

ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံဖြိုးတိုးတက်စေရန် အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင်  အမျိုးသားလျှပ်စစ်ရရှိရေး စီမံကိန်း NEP  ICB.3 ဖြင့် ဆောင်ရွက် သော ကျေးလက်မီးလင်းရေးလုပ်ငန်းအဖြစ် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် ယခုလ ၂၄ ရက်နေ့မှ စတင်ကာ ဆိုလာပြားများ စတင်တပ်ဆင်လျက်ရှိကြောင်း သိရသည်။

 

2

 

ဆိုလာပြားများ စတင်တပ်ဆင်ရာတွင် တာကော်ကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာ၊ ကောင်းဟွမ်ကျေးရွာ၊ ပလောင်ကုန်းဆာ ဖြစ်သော ရွာသုံးရွာတွင် တပ်ဆင်ပြီးစီးပြီ ဖြစ်ပြီး ကျန်ရှိကျေးရွာများတွင်လည်း တစ်ဆက်တည်း တပ်ဆင်သွားမည်ဖြစ်သည်။

 

ဆိုလာတပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ အချိန်မီပြီးစီးစေရန်အတွက် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးစိုင်းအောင်ခမ်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။

 

အဆိုပါ ဆိုလာမီးတပ်ဆင်ရေး လုပ်ငန်းများ ပြီးစီးသွားမည်ဆိုပါက စီမံကိန်းဝင်ကျေးရွာ(၁၃)ရွာတွင် နေထိုင်ကြသော အိမ်ခြေ(၁၈၀)၊ လူဦးရေ(၁၉၅၀)တို့အား လျှပ်စစ်မီးလင်းရေးအတွက် အထောက် အကူပြု နိင်မည်ဖြစ်သဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဒေသဖွံဖြိုးရေးကို များစွာအကျိုးပြု သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

နေလင်း(ညောင်လေးပင်)