မိုင်းပျဉ်း အောက်တိုဘာ ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်နေ့အထိ ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်   မိုင်းပျဉ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ  အိမ်ထောင်စု(၅၂)စုအား အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးပြီး ပြည်သူ(၁၀၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း တို့ကို ပြည်သူလူထုလက်ဝယ်အရောက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)