မိုင်းပျဉ်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ပြည်သူ ၇၅ ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

နေပြည်တော်၊ မေ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် တုံတာမြို့ အထွေထွေ အုပ်ချုပ်ရေးခန်းမတွင် ပြည်သူများအား မြို့နယ်ဦးစီးမှူးဦးဆောင်၍ အသက် (၁၀) နှစ်ပြည့် ကျား (၃၃) ဦး မ (၂၇) ဦး၊ အသက် (၁၈) နှစ်ပြည့် ကျား (၁၅) ဦး စုစုပေါင်း (၇၅) ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်အရောက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ထုတ်ပေးပြီး အိမ်ထောင်စု လူဦးရေစာရင်းတွင် ကလေးမွေးတိုး (၁၀) ဦးတို့ကို အမည်ထည့်သွင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်