မိုင်းပျဉ်း အောက်တိုဘာ ၁၂

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

           

မိုင်းပျဉ်းမြို့နယ်တွင် အထက်တန်းကျောင်း(၅)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၆)ကျောင်းနှင့် မူလွန်(၉)ကျောင်းရှိရာ အဆိုပါ ကျောင်း(၂၈)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား(၅၇၁)ဦးနှင့် ကျောင်းသူ(၇၂၃)၊ ပေါင်း(၁၂၉၄) ဦးကို သက်ဆိုင်ရာအခြေခံပညာကျောင်း(၂၈)ကျောင်းတွင် စုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းထံမှ သိရသည်။

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)