မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃)ဦးထပ်မံစစ်ဆေးတွေ့ရှိ  

မိုင်းပျဉ်း အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အောက်တိုဘာ ၁၉ ရက်က ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၃)ဦးအား ထပ်မံစစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၇၄)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၁၀)ဦးအား အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် နေရပ်သို့ ပြန်လည် စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ နေရပ်သို့ ပြန်ခွင့်ရသူ (၆၂၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

အထက်ပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ၌ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုခံယူစေမည်ဖြစ်ပြီး ၎င်းတို့၏မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်သတ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန် ၃၀ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၈၈)ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၆၂၃)ဦး၊ ဆေးကုသမှုခံယူနေသူ(၆၄)ဦးနှင့် သေဆုံးလူနာ(၁)ဦးရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)