မိုင်းပျဉ်း ၂၃ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် သစ္စာ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ခန်းမ၌ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေက ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ် ချက် မဖြစ် ပေါ်စေရေး အတွက်သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိုင်းမန်းကျေးရွာအုပ်စု အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁၁၉)ကတ်၊ မ (၁၄၂)ကတ် စုစုပေါင်း (၂၆၁)ကတ်နှင့် အိမ်ထောင်စုစာရင်း (၁၁၀)တို့ကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာ/အုပ်စု ရပ်ကျေးစာရေး ဦးပြည့်ဖြိုးဝင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးယောနန်ရှာနှင့် တာဝန်ရှိသူများက ဒေသခံများကိုယ်စား လာရောက်လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်


