မိုင်းပျဉ်း၊ ၂ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဇွန် ၁ ရက် နံနက် ၁၁ နာရီခွဲက တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောက်စျေးတန်းရပ်ကွက်ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အောက်စျေးတန်းရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် (၁၃)ဦးတို့အား စုစုပေါင်းငွေကျပ် ၃၉၀၀၀၀ ကို အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက် (၃)ခု၊ တုံတာမြို့ပေါ်ရပ်ကွက် (၃)ခုနှင့် ကျေးရွာအုပ် စု(၁၆)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၄၈)ဦးအတွက် စုစုပေါင်းငွေကျပ် ၄၄၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)



