မိုင်းပျဉ်း ၅ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာအုပ်စု ဝမ်ဖျန်းကျေးရွာတွင် မေ ၄ ရက် နံနက် ၆ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီး ကျောင်း (၁)ကျောင်းနှင့် လူနေအိမ်(၆)လုံးတို့တွင် ခေါင်မိုးများ ပျက်စီးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဝမ်ဖျန်းကျွေးရွာရှိ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူ နေအိမ်(၆) လုံးတို့တွင် ခေါင်မိုးများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးသူများအား ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖ များက ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကာ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှလည်း ထောက်ပံ့ပစ္စည်းများ ပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်ဆက်)


