မိုင်းပျဉ်း ၂၁ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဆေးဝါးဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ ဇွန် ၂၀ ရက် နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းသူနှင့် ဦးဇင်ထက်ဝေ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မျိုးမျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဦး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝီလျှံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့တွင်းဆေးဆိုင်နှင့် နှာခါင်းစည်းများ ရောင်းချလျက်ရှိသော ဆိုင်များတွင် ဆေးဝါးဆိုင်ရာ စွန့်ပစ်ပစ္စည်းများ တရားမဝင်ကုန်ကူးရာမှတစ်ဆင့် တင်ပို့ရောင်းချမှုနှင့် လက်လီလက်ကား ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြသည်။ လက်ရှိဖြစ်ပွားနေသော ဆေးဝါးဆိုင်ရာ စွန့်ပစ်ပစ္စည်းများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်မှုအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှု မရှိကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မေမွန်ထွဋ်(ပြန်/ဆက်)