မိုင်းရှူး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးအထက ကျောင်းခန်းမ ဆေးထိုးစုရပ်၌ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ဆေးထိုးစုရပ်ကျောင်း၌ အထကမိုင်းရှူး၊ အလကမိုင်းရှူး၊ နားစံကျေးရွာနှင့် ပန်စွဲကျေးရွာမှ ကျောင်းသား ကျောင်းသူများအား ထိုးနှံပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


