မိုင်းရှူး ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊မိုင်းရှူးမြို့နယ်(လွိုင်ဆောင်ထောက်)၊ဝမ်ကန်ရပ်ကွက်တွင် နေထိုင်သည့် ဦးရူစီးရယ် နေထိုင်သည့်နေအိမ် (အလျား ၂၇ ပေ× အနံ ၁၈ ပေ)၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်နှင့်ဝါးခင်း၊ မြေစိုက်(၁) ထပ်တဲအိမ်သည် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ် ခန့်က ဖယောင်းတိုင်မီးမှ တစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်အားစီ(၆)နှစ်၊ မောင်အား ခီ(၁၁)နှစ်အရွယ် ကလေးများသာရှိနေချိန် အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ ဖယောင်းတိုင်လဲ၍ အိပ်ရာ၊ ခြင်ထောင်မှ နေအိမ်မီး ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ်ဝင်ရောက်နိုင်ခြင်းမရှိသည့် မြေအနေအထားဖြစ်သဖြင့် လူအင်အားဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီအချိန်ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် မောင်အားစီ(၆)နှစ်(သေဆုံး)၊ မောင်အားခီ (၁၁)နှစ်၊ ဒဏ်ရာရ(စိုးရိမ်ရ)တို့အား မိုင်းရှူး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အိမ်ရှင်ဦးရူစီးရယ်အား ဥပဒေ အရအရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


