မိုင်းရှူးမြို့၌ နေအိမ်တစ်လုံးမီးလောင်

မိုင်းရှူး ၂၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ အမှတ်(၄) ရပ်ကွက်တွင် ယမန်နေ့ ည ၁၁ နာရီ ၅ မိနစ်ခန့်က လျှပ်စစ်မီးပလတ်ခုံ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

01452

 

ဖြစ်စဉ်မှာ အကင်ဆိုင်ပိုင်ရှင် ဒေါ်နှင်းသီတာ၏ဆိုင်တွင် လျှပ်စစ်မီးပလတ်ခုံ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ မီးသတ်ယာဉ်နှစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူတို့က ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ အခြားနေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းမှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်နှင်းသီတာအား မိုင်းရှူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)