မိုင်းရှူး ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အားကစားအခြေခံ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မိုင်းရှူးမြို့ မြို့လယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်က သင်တန်းနည်းပြဆရာများအား လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းက သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်၊ ဘော်လီဘော၊ ကြက်တောင်၊ Fitness Dance နှင့် ဝိုင်းခြင်းစသည့်အားကစားနည်း(၆)မျိုးကို မတ် ၂၃ ရက်မှ ဧပြီ ၂၃ ရက်နေ့အထိ တစ်လတာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


