မိုင်းရှူး ၁၀ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းရှူးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် ဒေသခံပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိစေရးအတွက် ကျေးရွာ(၁၀)ရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ စိမ့်စမ်းရေ သွယ်ခြင်း၊ စက်ရေတွင်းတူးခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြု ရန်ပုံငွေတို့ဖြင့် ဖာယ၊ နားစံကျေးရွာ(၂)ရွာတွင်ကျေးလက်ကုန် ထုတ်လမ်းဖောက်လုပ်ခြင်း၊ နားဟျိုး-တွန်းဟွန်း၊ ဝမ်ကျောင်း၊ နားကော်၊ ဝမ်ဟုတ်နှင့် ဟိုဆူကျေးရွာ (၅)ရွာတွင် စိမ့်စမ်းရေသွယ်ခြင်း၊ ဝိန်းကောင်ကျေးရွာတွင် စက်ရေတွင်းတူးခြင်းနှင့် နမ့်အံ့၊ ဝမ်ပန်ကျေးရွာ(၂)ရွာတွင် ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟန်လင်းထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်


