မိုင်းရှူး ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်နေမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့သည်။
ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရ ခြင်းမရှိသေးသော ကျောင်းသား/ကျောင်းသူအချို့မှာလည်း မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက်ကျောင်းအပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ ဆရာမများက ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပထမသုတ်)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများ၌ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)