မိုင်းရှူး မေ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မေလဒုတိယအပတ်တွင် ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို မေ ၈ ရက်က ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ အသံချဲ့စက်များဖြင့် လှည့်လှည်အသိပေးနှိုးဆော် လျက်ရှိသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အများပြည်သူအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင် ကာကွယ် ပြင်ဆင်သတိပြုနိုင်စေရေးအတွက် မိမိတို့၏နေအိမ်များကို ခိုင်ခန့်အောင် ပြုပြင်ထားကြရန်၊ ခိုင်ခန့်သောအဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်ကြရန်၊ မြစ်၊ ချောင်းအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ကုန်းတွင်းပိုင်းတွင်ရှိသော ခိုင်ခန့်သော အဆောက်အဦများသို့ ကြိုတင်ပြောင်းရွေ့နေထိုင်ကြရန်နှင့် မိုးလေဝသ သတင်းများအား စဉ်ဆက်မပြတ် နားထောင်ကြရန် ကြိုတင်သတိပေး နှိုးဆော်ထားကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)