မိုင်းရှူး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပ သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခင်ဖြူက ကြက်ခြေနီအသင်း၏ မျှော်မှန်းချက်နှင့် အခြေခံမူ(၇)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကြက်ခြေနီဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်းက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဖြစ်တတ်လေ့ရှိသော ရောဂါများကို ရှေးဦးသူနာပြုစုနည်း၊ ကုသနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး အိမ်တစ်အိမ်တွင် လူတစ်ဦးသည် အခြေခံရှေးဦးသူနာပြုစုနည်း တတ်မြောက်ထားလျှင် သဘာဘေးအန္တရယ်နှင့် ကြုံတွေ့ပါက များစွာအထောက်ကူရ မည်ဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများက (၃)ရက်ကြာပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)ရပ်ကွက် အလကကျောင်း၊ အမကမူလွန်(ပန်စွဲ)နှင့် အမှတ်(၁) မူလတန်းကျောင်းမှ ထက်၊ လယ်၊ မူဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)