မိုင်းရှူး၊  ၁၇  ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ မွန်းလွဲ ၂ နာရီက မြို့လယ်တံတားထိပ်နှင့် ရွှေဟင်္သာစျေးထောင့်တို့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများအနေဖြင့် အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များ၊ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးပြောကြားပြီး Mask (၅၀၀)ခုနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် (၅၀၀)တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

(မြို့နယ် ပြန်/ဆက်)