မိုင်းရယ် နိုဝင်ဘာ ၈

 

(၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို မိုင်းရယ်မြို့ပေါ် ကျောင်းများဖြစ်သည့် အထက၊ အလက၊ မူလွန်-၁၊ မူလွန်တပ်တွင်း ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြသထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု မှတ်တမ်း ဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)