မိုင်းရယ် မေ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ် သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။
မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် စီမံကိန်းဝန်ထမ်းများက မန်ကျောင်းကျေးရွာနှင့် လွယ်ဆိုင်ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ် သင်တန်းနှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


