မိုင်းရယ် ၆ ဇန်နဝါရီ    

 

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် မီးသတ်စခန်း ခန်းမတွင် ပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေဖြိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို မိုင်းရယ်မြို့ပေါ် ရပ်ကွက်(၃)ခုနှင့် ဟိုယကျေးရွာတို့မှ သင်တန်းသား(၅၀) တက်ရောက်မည်ဖြစ်ပြီး မီးသတ်လုပ်ငန်းစဉ်ဆိုင်ရာများ၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များ၊ မီးသတ်ပညာများကို စာတွေ့လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်သည်။ သင်တန်းကာလမှ ဇန်နဝါရီ(၆)ရက်မှ (၃၁)ရက်အထိဖြစ်ကြောင်း သိရသည်။

ခင်မာလာ