မိုင်းရယ် ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၏ ၂၀၂၃ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ(၅:၃၀)နာရီက မိုင်းရယ်မြို့ စိမ်းလဲ့ကန်သာ ရေကန်အနီးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ယိမ်းအဖွဲ့များမှ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အမှတ်(၃) လှုပ်ရှား စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ဇေယျာလင်းမှ မဟာသင်္ကြန်ကာလအတွင်း ကပြဖျော်ဖြေ ပေးခဲ့ကြသည့် မိုင်းရယ်မြို့နယ်အတွင်းမှ ယိမ်းအဖွဲ့များအားလုံးအတွက် ငွေကျပ်(၅)သိန်း ပေးအပ်ချီးမြှင့်ပါသည်။
ယင်းနောက် မြန်မာ့ရိုးရာမဟာသင်္ကြန်အား မိုင်းရယ်မြို့နယ်အတွင်းမှ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ကမ်းမယ့်လက်အဖွဲ့နှင့် ရပ်ကွက်များမှ ယိမ်း အဖွဲ့အားလုံးက နှစ်သစ်မင်္ဂလာ၊ နှုတ်ခွန်းဆက်၊ မန်းတောင်ရိပ်ခို တေးသီချင်းများဖြင့် စုပေါင်း ကပြဖျော်ဖြေပြီး မိုင်းရယ်မြို့နယ် မဟာသင်္ကြန် အတက်နေ့ ဗဟိုမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
မိုင်းရယ်ပြန်/ဆက်