မိုင်းရယ်   နိုဝင်ဘာ  ၁

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသည် ယနေ့ နံနက်(၉)နာရီမှ စတင်ပြီး ပြန်လည်ဖွင့်လှစ်လျက်ရှိပါသည်။

 

မိုင်းရယ်မြို့နယ် အတွင်းရှိ ကျောင်းများဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျောင်းသား/သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း maskများ တပ်ဆင်စေခြင်း၊ စနစ်တကျလက်ဆေးခြင်းများနှင့် စာသင်ခန်းများအတွင်း သတ်မှတ်အကွာအဝေးဖြင့် စနစ်တကျ စာသင်ကြားလျက်ရှိပါသည်။

 

မိုင်းရယ်မြို့နယ်အတွင်းတွင် အခြေခံပညာကျောင်း (၁၀၁) ကျောင်းရှိ၍ (၉၄)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်(၇)ကျောင်းမှာ ဆရာ ဆရာမ အင်အားကြောင့် ယာယီပိတ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရပါသည်။

 

မြို့နယ်ပြန်/ဆက်