မိုင်းရယ်  ဖေဖော်ဝါရီ ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ စီမံကိန်းကျေးရွာများသို့ နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေ ပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းကျေးရွာများမှ ချေးငွေထုတ်ယူမည့် တောင်သူများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ချေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးခြင်းဆိုင်ရာ စာချုပ်ပါ အချက်အလက်များကို ရှင်းလင်းဖတ်ကြား တင်ပြသည်။

 

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် စိုက်ပျိုး ရေးကဏ္ဍ အစုအဖွဲ့(၉)ဖွဲ့နှင့် မွေးမြူရေးကဏ္ဍ အစုအဖွဲ့(၃)ဖွဲ့တို့အတွက် စုစုပေါင်း ငွေကျပ် သန်း ၂၃၂ ဒသမ ၂၀ ရှိ ချက်လက်မှတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  


    
မိုင်းရယ်(ပြန်/ဆက်)