မိုင်းရယ် မေ ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် နားခိုကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းကို ယမန်နေ့က ကျေးရွာဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်သည်။

 

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းမှပို့ချမည့် အသိပညာအတတ်ပညာများကို စနစ်တကျလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချနိုင်စေရေးတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို မေ ၁၂ ရက်မှ ၂၆ ရက်အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)