မိုင်းရယ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ အသက် (၅၅) နှစ်အထက် အုပ်စုအတွင်းရှိ ပြည်သူများအား စက်တင်ဘာ ၁၉ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ် ပထမအကြိမ် စတင်ထိုးနှံပေးရာ ယမန်နေ့က မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဟိုတိကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် ပြည်သူ ၅၀ အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံမည့် အသက် (၅၅) နှစ်နှင့်အထက် လူဦး ရေ (၂၂၅၅) ဦး ရှိသည့်အနက် ယနေ့အထိ (၄၄၅)ဦး ထိုးနှံပြီးကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်