မိုင်းရယ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများ အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၊ ဟိုယကျေးရွာ အုပ်စုတွင် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား တစ်အိမ်တက်ဆင်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယအသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၂၈)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ(၅၅)ဦးနှင့် စတုတ္ထအသုတ် ပထမအကြိမ် လာရောက်ထိုးနှံသူ (၁၄)ဦး စုစုပေါင်း (၉၇)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကျော်ဇင်ထိုက်