မိုင်းရယ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့ရှိ အမှတ်(၃၅၀) အမြောက်တပ်၊ အမှတ်(၃၂၅) ခြေမြန်တပ်ရင်း၊ ခလရ (၆၇)တပ်တို့တွင် ၃၃ ဦးကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံးနှင့် ကိုင်ဆောင်ခြင်းမရှိသေးသူများအား ဆောင်ရွက်ပေးနိုင်မှုမှာ ယနေ့ထိ တပ်ရင်းတပ်ဖွဲ့များ (၃၃)ဦး၊ ရပ်ကွက်နှင့် ကျေးရွာရှိလူဦးရေ (၅၁၃) ဦး စုစုပေါင်း (၅၄၆) ဦးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄-၁၁-၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားများအား အိမ်ထောင်စုလူဉီးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


