မိုင်းရယ်  ၁၃  ဒီဇင်ဘာ  

 

မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မသန်စွမ်းသူများ အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက မိုင်းရယ်မြို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

4

 

မသန်စွမ်းသူများအတွက် အလုပ်ရုံဆွေးနွေးပွဲတွင် မိုင်းရယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းက မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်နေမှုများကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မိုင်းရယ်မြို့နယ် တာဝန်ခံ ဒေါ်ကေခိုင်နှင်းက ကိုယ်ဝန်ဆောင်နှင့် ၂နှစ်အောက် ကလေးများအတွက် ထောက်ပံ့ စရိတ်ပေးမည့် အခြေအနေများကို ရှင်းပြောကြားသည်။

 

ယင်းနောက်  မသန်စွမ်းသူများအတွက် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အဖွဲ့များဖွဲ့ပြီး ဆွေးနွေးကြသည်။

 

ဆက်လက်ပြီး Save the Children မှ တာဝန်ခံ ဒေါက်တာအိသဉ္ဇာလှိုင်က မသန်စွမ်း သူများအတွက် ဝိုင်းဝန်းဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း မြို့နယ်ဉပဒေ အရာရှိ ဦးသိန်းထွန်းဝင်းက မသန်စွမ်းသူများဆိုင်ရာ ဉပဒေ၊ နည်းဉပဒေများကို ရှင်းလင်းဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းရယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့အတွင်းရေးမှူး ဒေါက်တာသန်းသန်းဆွေက မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံအတွက် Wheel Chair တစ်ခုလှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ခင်မာလာ