မိုင်းရယ်  ၁ ဖေဖော်ဝါရီ

 

မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ပျိုရွယ်သူ ကျန်းမာရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက ဆွေးနွေးပွဲကျင်းပရခြင်းအား ရှင်းလင်းပြောကြားပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာသန်းသန်းဆွေက ငယ်ရွယ်သူ မိန်းမပျိုများအတွင်း ဖြစ်လေ့ဖြစ်ထ ရှိသည့်  ကျန်းမာရေး သိကောင်းစရာများကိုလည်းကောင်း၊ ဦးစီးမှူး ဒေါ်ခင်မာလာ လက်တွေ့ဘ၀တွင် ဖြစ်ပေါ်နေသည့် အမျိုးသမီးငယ်များ၏ ကျန်းမာရေးလိုအပ်ချက်များကိုလည်းကောင်း ဦးဆောင် ဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသူများက ယင်းတို့သိရှိလိုသည့်များကို ပြန်လည် မေးမြန်းရာ ဒေါက်တာသန်းသန်းဆွေနှင့် ဦးစီးမှူး ဒေါ်ခင်မာလာတို့က ပြန်လည်ဆွေးနွေးပါသည်။ အဆိုပါ ပျိုရွယ်သူ ကျန်းမာရေးဆွေးနွေးပွဲသို့ ဆရာမများ၊ ကျောင်းသူများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့သည်။

ခင်မာလာ