မိုင်းတုံ   နိုဝင်ဘာ   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံးဝင်းအတွင်းရှိ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်ပွဲကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးမှ ဥပဒေဆိုင်ရာ အထောက် အကူပေးခြင်း၊ ပညာပေးခြင်း၊ အကူအညီပေးခြင်း၊ အကြံပေးခြင်း၊ သတင်းများ အပြန်အလှန် ဖလှယ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)