မိုင်းတုံ ဩဂုတ်    ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဟွေပါလှိုင်မြစိမ်းရောင် စီမံကိန်းမှ ဆဋ္ဌမနှစ်စက်ဝန်း၏ အလှည့်ကျထုတ်ချေးငွေများကို ဩဂုတ် ၁၁ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ချေးပေးခဲ့သည်။

မိုင်းတုံမြို့နယ်၊ ဟွေပါလှိုင်မြစိမ်းရောင် စီမံကိန်းမှ ဆဋ္ဌမနှစ်စက်ဝန်း၏ အလှည့်ကျထုတ်ချေးငွေအဖြစ် ငွေကျပ် (၃၆.၀၀)သန်းကို စိုက်ပျိုးရေး လုပ်ကိုင်သူ (၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၂၇)ဦး၊ သက်မွေးလုပ်ငန်းလုပ်ကိုင်သူ (၂)ဦး စုစုပေါင်း (၃၁)ဦးအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးနေမှုအား မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှူး ဦးစိုင်းအောင်မျိုးထက်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာသည် စီမံကိန်းအတိုးရငွေများထဲမှ (၄.၇၆)သန်း ကို ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းအဖြစ် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ကိုမျိုး